ဝမ်းဗိုက်အဆီကျစေရန် နေ့စဉ်ဘဝထဲ ထပ်ပေါင်းသင့်သည်များ
01-Mar-2017
လမ်းလျှောက်ခြင်း
လမ်းများမျာလျှောက်တာက ဝမ်းဗိုက်အဆီတွေကို ကျစေတယ်ဆိုရင် သင်အ့ံသြနေမလား။ တကယ့်ကို အ့ံသြစရာပါပဲ။ အမှန်တကယ်ပဲ ဝမ်းဗိုက်နေရာက အဆီပိုတွေကို မိနစ် ၃၀ - ၄၅ မိနစ်လောက် လမ်းလျှောက်တာကြောင့် ပုံမှန်လျှောက်ပြီးချိန်မှာ သိသာ လာပါလိမ့်မယ်။
ပြေးခြင်း
အပြေးလေ့ကျင်တာက သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများလှပါတယ်။ အပြေး ပုံမှန်လေ့ကျင်တာကြောင့် သက်လုံကောင်းပြီး နှလုံးကျန်းမာရေးကောင်းစေကာ ကယ်လိုရီလောင်ကျွမ်းစေပြီး ဝမ်းဗိုက်က အဆီပိုတွေကို ကျစေနိုင်ပါတယ်။
ရွရွလမ်းလျှောက်ခြင်း
အပြင်ထွက်လမ်းလျှောက်ဖို့ စိတ်မပါဘူးဆိုရင် တစ်ရာတည်းမှာပဲ ခြေလှမ်းလှမ်းပြီး လမ်းလျှောက်တဲ့ ပုံစံမျိုး လေ့ကျင့်နိုင်ပါတယ်။ ချွေးတွေထွက်လာတဲ့အထိ ခန္ဓာကိုယ်ကို လှုပ်ခါပြီး နာရီဝက်လောက် လမ်းလျှောက်ပါ။
စက်ဘီးနင်းခြင်း
စက်ဘီးနင်းတာကလည်း ကယ်လိုရီလောင်ကျွမ်းစေတဲ့ အဓိကအကြောင်းရင်း တစ်ခုပါပဲ။ ဝမ်းဗိုက်နေရာက အဆီပိုတွေကို လောင်ကျွမ်းစေဖို့ စက်ဘီးနင်းလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။
ရေကူးခြင်း
ရေကူးတာကလည်း သွေးလည်ပတ်မှု ကောင်းစေပြီး ကယ်လိုရီလောင်ကျွမ်းစေနိုင် ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ရေကူးလေ့ကျင့်ခန်းပြုလုပ်ပေးနိုင်ပါတယ်။
မှန်မှန်ကန်ကန် စားသောက်ခြင်း
မှန်ကန်တဲ့ အစာစားသောက်မှုပုံစံက သင့်ဝမ်းဗိုက်က အဆီပိုတွေကို ၈၀ ရာခိုင်နှုန်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် အသင့်စာတွေနှင့် ဆီးကြော်စာတွေကိုရှောင်ပါ။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွေကို ပိုစားပါ။
ရေပိုသောက်ပါ
ရေဆာတာနဲ့ ဗိုက်ဆာတာက သင့်ကို ဝေခွဲမရစေနိုင်ပါဘူး။ မလိုအပ်ဘဲ အစားအစာတွေ ပိုစားမိရင် အဆီတွေပိုတက်စေနိုင်ပါတယ်။ တစ်နေ့ကို ရေခြောက်ခွက် မဖြစ်မနေသောက်ဖို့ လိုပါတယ်။ အပြင်ထွက် အလုပ်လုပ်နေရသူတွေ အနေနဲ့ ရေဘူးဆောင်ထားဖို့လိုပါတယ်။
သကြားလျှော့ဖို့ပြောပါ
ကော်ဖီဆိုင်ဖြစ်စေ၊ မုန့်ဆိုင်ဖြစ်စေ ထိုင်တော့မယ်ဆိုရင် ပုံမှန်ထက် အချိုလျှော့ဖို့ပြောတာကို အကျင့်ပါအောင် လုပ်ထားပါ။ ပြင်ပအစားအစာတွေက အရသာပိုကောင်းအောင် အချိုကဲထားတတ်ပါတယ်။
အချိုရည်များရှောင်ပါ
အသင့်သောက်သုံးနိုင်တဲ့ အချိုရည်တွေကို မသောက်ပါနဲ့။ အသီးဖျော်ရည်တွေကိုလည်း သကြားထပ်ပေါင်းထည့်ပြီး မသောက်ပါနှင့်။ သဘာဝအသီးအရသာကိုသာ ခံစားပြီးသောက်ပါ။
ဗီတာမင်စီ မှီဝဲပါ
ဗီတာမင်စီက သင့်ခန္ဓာကိုယ်စွမ်းအင် ပြည့်ဝဖို့ လိုအပ်ပါတယ်။ အဆီတွေကို လောင် ကျွမ်းစေဖို့ သင့်ခန္ဓာကိုယ်က စွမ်းအင်လိုအပ်ပါတယ်။
မနက်စာကို ပုံမှန်စားပါ
မနက်စာမစားတာက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ မနက်စာမစားဘဲ မနေပါနဲ့။ သင်ဗိုက်မပူချင်ဘူးဆိုရင် မနက်စာပုံမှန်စားပါ။
အိပ်စက်ပါ
အိပ်စက်ချိန် မလုံလောက်တာကလည်း သင့်ကို ဝစေနိုင်ပါတယ်။ တစ်နေ့ကို ၇-၈ နာရီလောက် အိပ်စက်ချိန်ရဖို့လိုပါတယ်။အိပ်ရေးပျက်ခံရတာက သင့်ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲ
Arogyam magazine, September 2015, Pg.194